သန်လျင်မြို့နယ် ရပ်ကွက်ကျေးရွာအဝင်အထွက်ဂိတ်များသို့ ကိုဗစ်ကာကွယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်း

သန်လျင် အောက်တိုဘာ ၉                  

ရန်ကုန်တောင်ပိုင်းခရိုင်၊     သန်လျင်မြို့နယ်တွင်   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသော Stay at Home ညွှန်ကြားချက်များနှင့်အညီ ရပ်ကွက်နှင့် ကျေးရွာလမ်း အသီးသီး ထိပ်များတွင် အသွားအလာ ကန့်သတ်ကြီးကြပ်ရေးဂိတ်များတွင် တာဝန်ထမ်းဆောင် နေသူများအတွက် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများကို ယမန်နေ့နံနက်က ထောက်ပံ့ပေးအပ် ခဲ့သည်။

ယင်းသို့ထောက်ပံ့ ပေးအပ်ရာတွင် We Love Thanlyin လူထု အခြေပြု ပရဟိတအဖွဲ့က လွှတ်တော် ကိုယ်စားလှယ်များ၊ အဖွဲ့နာယကများ၊ Volunteer များက အဖွဲ့များခွဲကာ Surgical Mask များ၊ လက်သန့်ဆေးရည်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါအဖွဲ့ သည်ကိုဗစ်ကာလ စားနပ်ရိက္ခာ သယ်ပို့လုပ်ငန်းများ၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စခန်းများ၊ ပြန်ကြားရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်  ကူညီပေးလျက်ရှိသည်။

သန်လျင်မြို့နယ်တွင် အတည်ပြု ပိုးတွေ့လူနာ(၄၂၈)ထိ မြင့်တက်လာပြီး ရောဂါပျံနှံ့မှုမရှိစေရေး၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် We Love Thanlyin လူထုအခြေပြု ပရဟိတအဖွဲ့က နေ့ည ပူးပေါင်း ကူညီပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)