ဇေယျာသီရိ​မြို့နယ်အတွင်းရှိ ပြည်သူ (၁၄၆) ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံ

ဇေယျာသီရိ ဇွန် ၂၁

ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူ (၁၄၆) ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝေယံအောင်၏ ကြီးကြပ်မှုဖြင့် ထိုးနှံပေးခြင်းဖြစ်ရာ ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာ စေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာကျေးလက်ဆေးပေးခန်းတွင် ရှားစေးဖိုကျေးရွာမှ  ပြည်သူ ၁၆၂ ဦးအား တတိယ အကြိမ်နှင့် စတုတ္ထအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)