ခရမ်း ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မား၍ ဗဟုသုတရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ( ၁ )နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲသို့ အမှတ်(၂)ရပ်ကွက် အ.မ.ကကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးငယ်(၁၂)ဦးက ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိအောင်၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဆေးရောင်စုံခြယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် Online Talk Show များ၊ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )