မိုင်းတုံ ဇွန် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာနိုင်သည့် စာပေချစ်သူ၊ စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့် အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေယုံမက မှတ်စုစာအုပ်တွင် မှတ်သားသင့်သည့်များကို မှတ်သားထားခြင်းဖြင့် နောင်တစ်ချိန်တွင် တန်ဖိုးရှိသည့်စာပေများအဖြစ် အသုံးချတက်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း(၁၃၅) အုပ်ကို သယ်ဆောင်ကာ၊ မြို့နယ်ကျေးလက်ရုံးမြို့နယ်တရားရုံး၊ စာရင်းစစ်ရုံးနှင့် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ စာပေချစ်သူ၊စာဖတ် ပရိတ်သတ်များထံသို့ ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ရင်း စာအုပ်၊ စာစောင်များငှားရမ်းပေးခဲ့ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းတစ်ဦးထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်၊(မိုင်းတုံ၊ပြန်/ဆက်)