လယ်ဝေးမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် အငြိမ်းစားဝန်ထမ်း (၁၅၈) ဦးအား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပြီးစီး

လယ်ဝေး ဇွန် ၂၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များ ကောက်ယူ၍ (Database) တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံး ပါဝင်သည့် (Unique ID) နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ် ဦးစီးမှူးရုံးမှ ဇွန် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်း (၁၅၈) ဦး၏ (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)