တွံတေး ဇွန် ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ ရန်ကုန်တိုင်းဒေသကြီး၊ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းသည် ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တွင် ငါးသယံဇာတထိန်းသိမ်းခြင်းဖြင့် စဥ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီးမှုမဖြစ်ပေါ်စေရန်၊ သဘာဝရေပြင်တွင်ငါးမျိုးများ ရေရှည်စဥ်ဆက်မပြတ်တည်ရှိနေစေရန်၊ ငါးထုတ်လုပ်မှု တိုးတက်လာစေရန်၊ ဒေသခံပြည်သူများငါးရိက္ခာဖူလုံစေရန်နှင့် လူမှုစီးပွားဘဝမြှင့်မားလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စုရှိ ဇီးဖြူကုန်းချောင်း သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါငါးသိပ္ပံ(တွံတေး)ဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဌာနဆိုင်ရာများအား ငါးသားပေါက်များပေးအပ်ပြီး ဝန်ကြီးချုပ်နှင့်တိုင်းအစိုးရဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများတာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာန၊ တွံတေးခရိုင်ခရိုင်အုပ်ချုပ်ရေးမှူးဦးထင်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖွဲ့ဝင်(၁)၊ တွံတေးမြို့နယ်၊ တွံတေးခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူးဦးတင်မောင်ထွဋ်နှင့် ဝန်ထမ်းများ၊ ငါးလုပ်ငန်းအတတ်သင်သိပ္ပံသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြပြီး (၂)လက်မအရွယ်ထိုင်းငါးခုမ်းကြီး(၄၀၀၀၀၀)၊ ငါးရွှေဝါ(၁၀၀၀၀၀)၊ ငါးမြစ်ချင်း(၂၀၀၀၀၀) စုစုပေါင်း ငါးကောင်ရေ(၇၀၀၀၀၀)ကို ဇီးဖြူကုန်းချောင်းသဘာဝရေပြင်သို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
တွံတေးသား