ကော့မှူး ဇွန် ၂၁
ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ခြင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ကာကွယ်နိုင်စေရန် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများနှင့် မူကြိုကျောင်းများအခြေခံပညာမူလတန်းကျောင်းများ၌ ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက မိုးရာသီကာလအတွင်း ခြင်၊ ပိုးလောက်လန်းပေါက်ဖွားမှုမရှိစေရန်၊ ပြည်သူများနှင့်ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ဘုရားညောင်ရေအိုးများ၊ ရေအိုးများ၊ အုတ်ကန်များအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ပြီး ရေအိုးများ၊ အုတ်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ ပြန်/ဆက်