ကွမ်းခြံကုန်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာ(TAlk Show )ကျင်းပ

ကွမ်းခြံကုန်း ဇွန်၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre )ခန်းမ၌   လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးနှင့် Book  Cloub ဥက္ကဋ္ဌ ဦးသန်းမြင့်(သန်းမြင့်သန်း ကွမ်းခြံကုန်း)က  လူကုန်ကူးခြင်း၏နောက်ခံသမိုင်း၊ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်သော လူပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦး၊ တစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ခေါင်းပုံဖြတ်ရန်အလို့ငှာ လူအများသိမ်းသွင်းစုဆောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းပေးခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊   စသည့်အကြောင်းအရာများကို အသိပညာပေး ဆွေနွေးခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့်  ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက်  Online pageမှ တဆင့်စာအုပ်မိတ်ဆက်၊ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်းနှင့် (Talk Show) အစီအစဥ်များကိုလည်း စဥ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ ဆက်)