နမ့်စန်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်များဖြန့်ဝေ

နမ့်စန်() ဇွန် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၃ခုနှစ် ဇွန်လ၂၆ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေသည့်သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၁၀နာရီ တွင် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ ဒုတိယ ဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အမှတ်()ရပ်ကွက်ရှိ အထက(နမ့်စန်)ကျောင်းနှင့် အမှတ်()ရပ်ကွက်ရှိ .ထ.က(မြို့မ)ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများကိုသတင်းစကားလက်ကမ်းစာစောင် စုစုပေါင်း စောင်ရေ (၇၅၀ ) ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးအမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားသည့်အမှာစကားမှကောက်နုတ်ချက်၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးသုံးစွဲရသည့် အကြောင်းအရင်း၊ မူးယစ် ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက် ၊ကျောင်းသားလူငယ်များ သိရှိလိုက်နာ သင့်သည့် အချက်များ၊ နုခန့်ယဉ်(ရစ်ကန်ကြီး)၏ မူးယစ်ဆေးဝါးတို့ရှောင်ရှား ကဗျာနှင့် အသိပညာပေး ကာတွန်းတို့ပါဝင်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်