ပေါင်မြို့နယ် Community Centre ခန်းမတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ပေါင် ဇွန် ၂၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး  Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်ဇာစိုးက အသိပညာပေး(TALK  SHOW) အစီအစဉ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှဒေါ်လဲ့လဲ့ထူးက  ငလျင်လှုပ်ရသည့်အကြောင်းအရင်းများကိုလည်းကောင်း၊ ငလျင်လှုပ်နေစဉ်လိုက်နာရမည့်အချက်များကိုလည်းကောင်း၊ ငလျင်လှုပ်နေစဉ်ရှောင်ရှားသင့်သည့်အချက်များကို လည်းကောင်း၊ ငလျင်လှုပ်ပြီးပါကပြုလုပ်ရမည့်အကြောင်းအရာများကိုလည်းကောင်း၊ ငလျင်ပမာဏ ရစ်ခ်ျတာစကေး သက်ရောက်မှုရှိနိုင်ခြေများကိုလည်းကောင်းစသည့် ပြည်သူများသိထားရမည့်အကြောင်းအရာများကို  ဆွေးနွေးခဲ့သည်။

ပေါင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)