ကျိုက်ထိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး အသိပညာ‌ဟောပြောပွဲပြုလုပ်

ကျိုက်ထို ဇွန် ၂၁

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၌ ကျောင်းသား ကျောင်းသူများ ခြင်မှတဆင့်သွေးလွန်တုပ် ကွေးရောဂါမဖြစ်ပွားစေရန် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲပြုလုပ်ရာတွင် ကျိုက်ထိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးက ဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားပြီး ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာန သားဖွားဆရာမ ဒေါ်ယုယုချိုက ခြင်မှတဆင့်ကူးစက်နိုင်သည့်ရောဂါများ၊ နေ့လည်ဘက်ကိုက်တတ်သည့်ခြင်များကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပေါ်ခြင်း၊ ညဘက်နှင့်နံနက်ပိုင်းတွင် ကိုက်သည့်ခြင်များကြောင့် ငှက်ဖျား ရောဂါဖြစ်သည့်အတွက် မိမိကိုယ် လုံခြုံစေရန် အဝတ်အစားထူထူဝတ် ဆင်ခြင်း၊ ညဘက်အိပ်ရာဝင်လျှင် ခြင်ထောင်ဖြင့်အိပ်ခြင်း ဘုရားပန်းအိုးဘုရားသောက်တော် ရေ လဲပေးခြင်း၊ အိမ်ရှိ‌သောက်သုံးရေများကို ဖုံးအုပ်ထားခြင်း၊ရေဝပ်စေသည့် အသုံးအဆောင် များကိုမှောက်ထားခြင်း၊ အသုံးမပြုသည့်ရေများ အားသွန်ပစ်ခြင်း၊ အိမ်ရှိအမှိုက်သရိုက် များကို ကျင်းတူး‌မြေမြုပ်ခြင်းနှင့် ကျန်းမာရေးဌာနမှ ဖြန့်ဝေပေးလျှက်ရှိသည့် အဘိတ်ဆေးများဖြင့် မိမိတို့အသုံးပြုသည့် ရေကန်၊ ရေ တိုင်ကီ၊ စဉ့်အိုး၊ အစရှိသည့်‌ ရေသုံးပစ္စည်းများတွင် ထည့်ထားခြင့်ဖြင့် ခြင်အန္တရာယ်ကင်း ရှင်းပြီးသွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျား ရောဂါကင်းဝေးမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ယာယီကျောင်းအုပ် ဆရာမကြီး‌ ဒေါ်စန်းစန်းအေးမှ ကျေးဇူးတင်စကား ပြောကြား ပြီး အသိပညာ‌ပေးဟောပြောပွဲကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ပြန်/ ဆက်)