အမရပူရ ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မှန်တန်းရပ်ကွက်၊ မှန်တန်းအခြေခံပညာ အလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများ လာမည့်ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်ပြီး ယနေ့ နံနက် ၁၀နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) က ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်ဆောင်းပါး၊ ထိထိရောက်ရောက်ရှာဖွေဖော်ထုတ်၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်း အရင်း၊ ဘိန်းခင်းများဖျက်စီးရှင်းလင်းသည့် ဓာတ်ပုံ၊ ဘိန်းအစားထိုးစံပြအစေ့ထုတ်ပြောင်း ရိတ်သိမ်းသည့် မှတ်တမ်းဓာတ်ပုံ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်းဆေးဝါးဒို့ရှောင်းရှား ကဗျာနှင့် သူရမိုးမှော်ဘီရေးဆွဲသည့် ကာတွန်းများစသည့်ဖြင့် ဝေဝေဆာဆာပါရှိကြောင်း သိရသည်။
စိုးသီဟ(အမရ)