သန်လျင် အောက်တိုဘာ ၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြု ပိုးတွေ့လူနာ များပြားလာခြင်းနှင့် သေဆုံးမှုများ ရှိနေခြင်းကြောင့် သန်လျင်မြို့နယ်တွင် အသွားအလာ ကန့်သတ်နေရာများ လိုအပ်လျက်ရှိသည်။
ယမန်နေ့ညနေပိုင်းက အဆိုပါစင်တာများ၌ လိုအပ် လျှက်ရှိသော အထောက်အကူ ပစ္စည်းများ ဆေးဝါးများကို ဓမ္မစက္ကပဝတ္တန ကာရီကိုဗစ်-၁၉ အထောက်အကူပြုအဖွဲ့က ဖြည့်ဆည်း လှူဒါန်းပေးခဲ့သည်။ အဆိုပါအဖွဲ့သည် သန်လျင် အထွေထွေရောဂါကု ဆေးရုံကြီး၌ လိုအပ်လျှက်ရှိသော ဆေးဝါးနှင့် ဆေးရုံ သုံးပစ္စည်းများ၊ သန်လျင် အ−ထ−က(၄)တွင် ဖွင့်လှစ်ထားရှိသော ဖျားနာကုဆေးခန်းနှင့် သာသနာ့ဗိမ္မာန်တွင် ဖွင့်လှစ် ထားရှိသော အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတို့အတွက် လိုအပ်သော အဝတ်လျှော်စက်များ နှင့် ဆေးဝါးများကိုထောက်ပံ့လှူဒါန်းပေးခဲ့သည်။
ယနေ့လှူဒါန်းမှုများမှာ ကျပ်(၃၃)သိန်းတန်ဖိုးရှိ ဆေးဝါးနှင့် အထောက်အကူပြု ပစ္စည်းများဖြစ် ပြီး ကျန်ရှိသောအသွားအလာကန့်သတ်စောင့် ကြည့်ရေး စင်တာများ၊ ကိုဗစ်ကာလ ပုံမှန်ဝင်ငွေ မရှိသော အခြေခံပြည်သူများသို့ လည်းဆန်၊ဆီနှင့် မီးဖိုချောင်သုံး ပစ္စည်းများ ဆက်လက် ထောက်ပံ့ လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)