ကျောက်မဲ ဇွန် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ လူကုန်ကူးမှုအန္တရာယ် တားဆီးနှိမ်နင်ရေး ရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ကျောက်မဲခရိုင်ဦးစီးမှူး ဦးအောင်ရဲကျော်၊ ယာဉ်မောင်းစစ်ဆေးရေးမှူး (၂) ဦးထွန်းထွန်းနိုင်နှင့် ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ဒု-ရဲမှူးထွန်းလှမင်းတို့က ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်ရေး ရဲတပ်ဖွဲ့ တပ်စိပ် (၂) မှ ဒု-ရဲမှူးဦးကျော်စိုးမိုးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပါ ပြစ်မှု/ပြစ်ဒဏ်များအကြောင်း၊ စာသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာရီက စားသုံးသူရေးရာအကြောင်း သိကောင်းစရာများကို အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။
အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာသည့်အထက(၃)ကျောင်းမှ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ (၁၈၅)ဦးအား ဌာနဆိုင်ရာများက ၎င်းတို့ဌာနထုတ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)