ပြည်ကြီးမဏ္ဍိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ပြည်ကြီးမဏ္ဍိုင် ဇွန် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနအခန်းမတွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ( အကြို ) ကဗျာရွတ် ပြိုင်ပွဲကို ယနေ့ နံနက်  ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

ကဗျာရွက်ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက နေ့ထူးနေ့မြတ်များအကြောင်း၊ မူးယစ်ဆေးဝါး ဆိုသည်မှာ၊  မူးယစ်ဆေး အမျိုးအစားများ၊ မူးယစ်ဆေးဝါး ဆိုးကျိုးများ၊ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် အာရုံစူးစိုက်လေ့လာမှု ရှိစေရန် ရည်ရွယ်၍  ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကဗျာရွက်ပြိုင်ပွဲအား အ.လ.က (ပြည်ကြီးမဏ္ဍိုင်)ကျောင်း Grade – 3 မှ ကျောင်းသား/ကျောင်းသူ (၃၀)ဦးတို့က “ရှောင်ဖယ်ကင်းဝေး မူးယစ်ဘေး” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြရာ အကောင်းဆုံးပါဝင် ယှဉ်ပြိုင်နိုင်သူ (၅) ဦးအား ဆုများ ပေးအပ်ခဲ့သည်။

ခရိုင်(ပြန်/ဆက်)