ပြည်ကြီးမဏ္ဍိုင် ဇွန် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာ အလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်းတွင် သွေးလွန်တုပ်ကွေး ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ခြင်ကျားပေါက်ဖွားပုံအဆင့်ဆင့်၊ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ၊ သွေးလန့်သည့် လက္ခဏာများ၊ ခြင်ကျားပေါက်လေ့ရှိသော နေရာများ၊ အိမ်တွင်း၌ ပြုစုကုသခြင်း နည်းလမ်းများ၊ ခြင်မခိုအောင်း နိုင်ရန်အိမ်တွင်းအိမ်ပြင် ရှင်းလင်းရမည့်အချက်များ အစရှိသည်တို့ကို အသိပညာ ဗဟုသုတများ ရရှိစေရန် ဟောပြောခဲ့သည်။
ဆက်လက်၍ သွေးလွန်တုပ်ကွေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သွေးလွန်တုပ်ကွေးနှင့် ပတ်သက်၍ သိသည့်သိထိုက်သည့် အကြောင်းအရာများ ပါဝင်သည့် အသိပညာပေး နံရံကပ် စာစောင်များအား ပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)