ကျိုင်းလပ်မြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်လွှင့်တင်ဆောင်ရွက်ပေး

ကျိုင်းလပ် ဇွန်၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အသိပညာပေးအစီအစဉ်များကို Online မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ယနေ့တွင် အငယ်တန်းစာရေးဒေါ်‌‌နန္ဒာနိုင်က စာဖတ်ပရိတ် သတ်များအတွက်‌စာ‌ ရေးဆရာ မြင်းခြံကျော်အောင်(ခ) သန်းထက်စံရေးသားပြုစုထား‌သော ''ဘ၀ဇာတ်ခုံဖြစ်ရပ်စုံ" စာအုပ်ဖြင့် ကျိုင်းလပ်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုင်းလပ်မြို့ရုံးအနေဖြင့် ကျောင်းနေအရွယ်ကလေးများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် အခြားအသိပညာပေး အစီအစဉ် များကိုလည်း ရိုက်ကူး တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းလပ် ပြန်/ဆက်