သုံးခွ အောက်တိုဘာ ၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှု၀န်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော အသက်(၈၀)နှင့်(၈၅)နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်(၈)နာရီက အဇန်းတောဇွန်းကျေးရွာအုပ်စုအတွင်းရှိ ဘိုးဘွားများ အား အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို အဇန်းတော့ဇွန်းကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၀)နှင့် (၈၅)နှစ် ကြား ဘိုးဘွား(၂၉)ဦးအား ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားနေသည့် ကာလအတွင်း တစ်ဦးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၈၇၀,၀၀၀)ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င် များက သက်ကြီးဘိုးဘွားတို့၏ နေအိမ်အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
သုံးခွမြို့နယ်အတွင်းရှိအသက်(၈၀)နှင့်(၈၅)နှစ်ကြားရှိ သက်ကြီးဘိုးဘွား(၁၁၆၀) ဦးရှိပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး၀န်ထမ်းတို့မှ အိမ်တိုင်ရာ ရောက် ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်