မောက်မယ် ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက် ၉ နာရီ က ပင်စင်လစာငွေများ စနစ်တကျထုတ်ပေးလျက်ရှိရာ စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် တစ်မြို့နယ်လုံးပင်စင် အငြိမ်းစားဝန်ထမ်း(၉၀)ဦးကျော်ရှိပြီး ပင်စင်အငြိမ်းစားဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ လာရောက် ထုတ်ယူနိုင်ရေးအတွက် ပင်စင်လစာငွေများ ထုတ်ပေးရာတွင် လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများ လစာထုတ်ရက် မတိုင်မီ(၂၁)ရက်နေ့မှ စတင်၍ ရုံးပိတ်ရက်များမှ အပရုံးဖွင့်ချိန်များတွင် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဘဏ်ဝန်ထမ်းတစ်ဦးက ပြောကြားကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)