တာမိုးညဲ အောက်တိုဘာ ၉
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့ရှိ မြေစိုက်ဘုတ်၌ ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်ပြီး ပြည်သူလူထုများ အသိပညာဗဟုသုတရရှိနိုင်ရန်အတွက် ယနေ့၊ နံနက်(၉)နာရီ အချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ အသိပညာပေး သရုပ်ဖော်ရုပ်ပုံများ ပြသခြင်းဆောင်ရွက်ခဲ့သည်။
“(UNESCO)မှ ပေးပို့လာတဲ့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများကို ပြည်သူလူထုများ အနေဖြင့် လေ့လာ ကြည့်ရှုပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာ ဗဟုသုတတွေ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ အများပြည်သူကြည့်ရှု လေ့လာနိုင်ရန် အခုလိုနံရံပြဘုတ်မှာ ခင်းကျင်းပြသခြင်းဖြစ်ကြောင်း” မြို့ဦးစီးမှူး ဒေါ်ဌေးဌေးကြည်က ပြောကြားသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာအသိပညာပေး ရုပ်ပုံများကို ပြည်သူလူထုများ အလွယ်တကူကြည့်ရှုနိုင်ပြီး တာမိုးညဲမြို့၊ ဒေသခံပြည်သူများနှင့် လူငယ်များ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဌေးဌေးကြည်(ပြန်/ဆက်)