လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံတွင် နိုင်ငံတကာယောဂနေ့အထိမ်းအမှတ်အဖြစ် ယောဂစုပေါင်းလေ့ကျင့်

လားရှိုး ဇွန် ၂၁

ဇွန်လ ၂၁ ရက်နေ့သည် နိုင်ငံတကာယောဂနေ့ ဖြစ်သည်နှင့်အညီ နိုင်ငံတကာယောဂနေ့အထိမ်း အမှတ်အဖြစ် ယောဂစုပေါင်းလေ့ကျင့်ခြင်းကို ယနေ့ နံနက် ၆ နာရီအချိန်က လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံတွင် ပြုလုပ်ခဲ့သည်။

ယောဂစုပေါင်းလေ့ကျင့်ခြင်းသို့ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာနတွင် ယောဂချစ်သူများအား လေ့ကျင့်ပေးလျက်ရှိသည့် ဆရာအောင်ကျော်မိုး၊ ဆရာမ  ဒေါ်နန်းဆိုင်အွမ်တို့က ဦးဆောင်ကာ စုပေါင်း၍ ယောဂလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတကာယောဂနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းယောဂလေ့ကျင့်ခြင်းကို ယနေ့ညနေ ၅ နာရီ အချိန်တွင် လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် မြန်မာ့လက်ရွေးစင် ကျွမ်းဘားအားကစားသမားတစ်ဦးဖြစ်သည့် ဆရာစည်သူဟိန်းက ခက်ခဲသော ယောဂကျင့်စဉ် များအား လွယ်ကူအောင် မည်ကဲ့သို့ လေ့ကျင့်ရမည်ကို ပညာဒါနအနေဖြင့် သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)