တံတားဦး ဇွန် ၂၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ပြပွဲများ ကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ(၃)နာရီက ကျင်းပကြောင်း သိရသည်။
အကြိုညှိနှိုင်းအစည်းအဝေးတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ၂၀၂၃-ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားရရှိရေးအတွက် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပြဘုတ်များကို အရောင်အသွေး စုံလင်စွာဖြင့် ပြပွဲများ ခင်းကျင်းပြသ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ လိုအပ်သည်များကို ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများမှ မိမိတို့အနေဖြင့် လိုအပ်သည်များကို စေတနာ အပြည့်အဝဖြင့် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသီးသီး ဆွေးနွေးကြရာ အဆိုပါ အကြိုညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
ဦးရဲတင့်(ပြန်/ဆက်)