ငပလီ ဇွန် ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ရုံးတွင် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို သိရှိစေရန်အတွက် အလုပ်ခေါ် ကြော်ငြာစာများကို နံရံကပ်ပြဘုတ်တွင် ယနေ့နံနက် (၁၁း၀၀)နာရီ အချိန်က ငပလီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငပလီမြို့ရုံး၌ ပြသခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက နံရံကပ်ကြော်ငြာစာနဲ့ ပတ်သက်၍ ဘွဲ့ရရှိပြီး လုပ်ငန်း ခွင်သို့ ဝင်ရောက်ရန် စောင့်နေသူများနှင့် တက္ကသိုလ်ဝင်အောင်မြင်ပြီး လုပ်ငန်းခွင်ဝင်ရောက်လိုသူများကို အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ ယခုလိုကြော်ငြာဘုတ်များတွင် တစ်လလျှင် (၂)ကြိမ် ကြော်ငြာစာကပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လာရောက်ကြည့်ရှုကြသည့် ပြည်သူများက ငပလီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ အသိပညာပေး နံရံကပ်စာစောင် ပြသဆောင် ရွက်ပေးထားမှုများကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ငပလီ(ပြန်/ဆက်)