အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကျိုင်းတောင်း ဇွန် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက အခြေခံပညာကျောင်းများ သို့သွားရောက်၍ ကျောင်းသားကျောင်းသူလူငယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိစေရန်အတွက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၁/၂၀၂၁) အစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ချက်၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ ကဗျာဆရာ နုခန့်ယဉ်(ရစ်ကန်ကြီး)၏ မူးယစ်ဆေးဝါးတို့ရှောင်ရှားကဗျာ၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ(၅)ချက်၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆောင်ပုဒ်၊ ဘိန်းစိုက်ခင်း ရှင်းလင်းသည့် မှတ်တမ်းပုံများနှင့် တစ်ကွက်ကာတွန်းများစသည့် အချက်အလက်များပါဝင်ကြောင်း၊ ကျောင်းသားလူငယ်လူရွယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ကင်းရှင်းစေရန်ရည်ရွယ်၍ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)