သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကိုထုတ်ပေး

သိန္နီ ဇွန် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်က စတင်ကာ ပုံမှန်ထုတ်ပေးလျက်ရှိသည်။

အဆိုပါ ပင်စင်စားများ၏ ပင်စင်လစာများကို ထုတ်ပေးရာတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ယူရရှိ စေရေးအတွက် ကြော်ငြာများ ကပ်ထားပေးခြင်း၊ အခက်အခဲတစ်စုံတစ်ရာရှိပါကကူညီဖြေရှင်း ဆောင်ရွက်ပေးခြင်းများကို ဘဏ်မန်နေဂျာ၏ ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ သိန္နီမြို့နယ်တွင် ပင်စင်စားဦးရေ (၆၀၁)ဦးရှိရာ လစဉ်ပင်စင် စတင်ထုတ်ပေးသည့် (၂၁)ရက်နေ့တွင် ပျှမ်းမျှ အားဖြင့်ပင်စင်စားဦးရေ (၃၀၀) ခန့် လာရောက် ထုတ်ယူလေ့ရှိပြီး ဦးရေ (၁၀၀) ခန့်သည် လကုန်ရက် အထိလာရောက်ထုတ်ယူကြကြောင်း၊ ကျန်ရှိသည့်ပင်စင်စားများသည် (၂) လတစ်ကြိမ်၊ (၃) လတစ်ကြိမ်မှသာ ထုတ်ယူကြကြောင်း ဘဏ်မန်နေဂျာထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)