မုံးကိုးမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် အထွက်နှုန်းကောင်းမွန်စွာထွက်ရှိ

မုံးကိုး       အောက်တိုဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့၊ နံနက်(၁၀)နာရီအချိန်ခန့်က မုံးကိုးမြို့၊ အမှတ်(၆)ရပ်ကွက်မှ တောင်သူဦးဇော်ဂမ်၏ လယ်ယာတွင် စိုက်ပျိုးထားသည့် မိုးစပါးစံကွက်ကို စတင်ရိတ်သိမ်းခဲ့ပြီး ချိန်တွယ်ခဲ့ရာ (၁)ဧကလျှင် စပါးအစို(၁၅၀)တင်းထွက်ရှိကြောင်း သိရသည်။

“မုံးကိုးမြို့မှာရှိတဲ့ မိုးစပါးစံကွက်တွေမှာ စပါးအထွက်တိုး ဧည့်မထ (အထွက်ကောင်း)မျိုးကို စိုက်ပျိုးထားပြီး အခြားစပါး မျိုးထက် ပိုမိုအောင်မြင်ဖြစ်ထွန်း လာပါတယ်၊ ယခု စံကွက်ရိတ်သိမ်းပြီး စပါးအစို(၁)ဧကမှာ (၁၅၀)တင်းထွက် ရှိတယ်၊ စပါးအခြောက်(၁၃၅) တင်းနဲ့ ညီမျှပါတယ်"ဟု မုံးကိုးမြို့၊ လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးထွန်းသန်းဦးက ပြောကြားသည်။

အဆိုပါ မိုးစပါးစံကွက်  ရိတ်သိမ်းချိန်တွယ်ရာတွင် မုံးကိုးမြို့၊ မြို့အုပ်ချုပ် ရေးမှူးဦးမျိုးလွင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနာမှ မြို့ဦးစီးမှူးဦးသန်းဇော်ဦး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းဇော်ဦး(ပြန်ဆက်)