ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးမြေစိုက် နံရံကပ်ဘုတ်ပြသ၍အသိပညာပေးခြင်းဆောင် ရွက်

ကွမ်းခြံကုန်း                 အောက်တိုဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်း ခရိုင်ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ခြင်း၊ ထိန်းချုပ်ကန့် သတ်ခြင်းအသိပညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယမန်နေ့မနက်(၁၀)နာရီကမြို့လယ် အဝိုင်းနားတွင်ရှိသော မြေစိုက် နံရံကပ်ပြဘုတ်တွင်ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်သည့် ရုပ်ပုံများအား ပြသခဲ့ကြောင်း သိရသည်။

အဆိုပါမြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အကြီးအကဲများ၏တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှုမှတ်တမ်း ဓာတ်ပုံများ၊ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ အချက်အလက်နှင့်ထင်မြင်ယူဆချက်ကိုခွဲခြားဖို့ ခက်နေပါသလား၊ သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဌာန်ပုဂ္ဂလဓိဌာန် သတင်းအချက်အလက်များ၊အ ချက်အလက်နှင့် ထင်မြင်ယူဆချက်၊ သတင်းတွင်အသုံးပြုသောစကားအသုံးအနှုန်း၊ သတင်း ခွဲခြမ်းစိတ်ဖြာမှု၊ ကလေးသူငယ်လူငယ်နှင့်လူမှု မီဒီယာအသုံးပြုမှု၊ လူမှုမီဒီယာပေါ်တွင်ဆောင် ရန်ရှောင်ရန်များ၊ မီဒီယာနှင့် သတင်းအချက်အ လက်သိနားလည်မှုရှိသောမိဘ၊ အုပ်ထိန်းမှုအတတ်ပညာနည်းလမ်းများအစရှိသည့် စိတ်ဝင် စားဖွယ်ရုပ်ပုံများနှင့် ပြည်သူများအသိပညာဗဟုသုတ ရရှိစေရန်ပြ ထားကြောင်းသိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)