ခရမ်း အောက်တိုဘာ ၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင်းနေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသူများ၊ စျေးရောင်းသူများနှင့် စျေးဝယ် သူများ ပါးစပ်၊နှာခေါင်းစည်း(Mask) များတပ်ဆင်ခြင်းရှိ၊မရှိ စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့ နံနက်(၈)နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့နယ်တွင်းရှိ မြို့မစျေးအတွင်းနှင့် စျေးရှေတို့တွင်နေအိမ်ပြင်ပထွက်ခွာသူများ၊ စျေးရောင်း၊ စျေးဝယ်များအား ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးကြပ်မတ် ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် mask တပ်ဆင်လာခြင်းမရှိသူများအား တစ်ဦးလျှင် ဒဏ်ငွေအဖြစ် ငွေကျပ် ၂၀၀ စီကို ပေးဆောင်စေခြင်းနှင့် နေအိမ်ပြင်ပထွက်ခွာတိုင်း mask မဖြစ်မနေ တပ်ဆင်ရန်နှင့် ခပ်ခွာခွာ(Social Distancing)နှင့်အညီ နေထိုင်ကြရန်သတိ ပေးပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပြီး စစ်ဆေးချိန်တွင် ပါးစပ်၊နှာခေါင်းစည်း(Mask) တပ်ဆင်လာခြင်းမရှိသူ များအား အရေးယူ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုမင်း(ခရမ်း)