ကွမ်းလုံမြို့နယ်ရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် နေရပ်အသီးသီးမှ ပြန်လည်ရောက်ရှိလာသည့် ဆရာ/ဆရာမများအား အသွားအလာကန့်သတ်ထားရှိ

ကွမ်းလုံ အောက်တိုဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် နေရပ်အသီးသီးမှ ပြန်လည်ရောက်ရှိလာကြသည့် ဆရာ/ဆရာမများအား အခြေခံပညာအထက်တန်းကျောင်း-ခွဲ(ဟိုလီ) အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (Facility Quarantine) အသွားအလာကန့်သတ်မှု(၁၄) ရက် ထားရှိကြောင်း သိရသည်။

အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (Facility Quarantine) တွင် တန့်ဆည်မြို့()ဦး၊ မုံရွာမြို့()ဦး၊ ဘုတလင်မြို့()ဦး၊ အရာတော်မြို့ ()ဦး၊ ကနီမြို()ဦး၊ ပွင့်ဖြူမြို့()ဦး၊ ငါးဇွန်မြို့()ဦး၊ ဂန့်ဂေါမြို့()ဦး၊ တောင်သာမြို့()ဦးနှင့် ကွမ်းလုံမြို့ ဟိုလီကျေးရွာမှ()ဦး စုစုပေါင်း ကျား()ဦး၊ (၁၉)ဦး ပေါင်း(၂၄)ဦး ထားရှိပြီး မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အာခေါင်တို့ဖတ် နှာခေါင်းတို့ဖတ်များ ရယူ၍ ရောဂါရှိ/မရှိ အဖြေစောင့်ကြည့်ရန် အသွားအအလာကန့်သတ်မှု(၁၄)ရက် ထားရှိကာ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နေရပ်အသီးသီးမှ ပြန်လည်ရောက်ရှိလာသော ဆရာ/ဆရာမများအနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(ကွမ်းလုံ) (၂၁)ဦးနှင့် အခြေခံပညာ အထက်တန်းကျောင်း-ခွဲ(ဟိုလီ) (၂၄)ဦး စုစုပေါင်း(၄၅)ဦး ထားရှိပြီး မြို့နယ်ကြက်ခြေနီအသင်းနှင့် ပညာရေးဝန်ထမ်းများက နေ့စဉ် အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် စားသောက်ရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းဇော်ခမ်း(ကွမ်းလုံ)