တောင်ပြိုလက်ဝဲမြို့အတွင်းရှိ ပြန်လည်လက်ခံရေးစခန်း၊ တိုက်နယ်ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်းတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေး

မောင်တော ဇွန် ၂၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့အတွင်းရှိ ပြန်လည်လက်ခံရေးစခန်း၊ တိုက်နယ်ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်းတို့အား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။ 

ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးသည် ခရိုင်အဆင့်ဌာနဆိုင်ရာများ လိုက်ပါ၍ ခရိုင်တည်ကော်အဖွဲ့နှင့်အတူ မောင်တောခရိုင်၊ တောင်ပြို လက်ဝဲမြို့ရှိ  ပြန်လည်လက်ခံရေးစခန်းအတွင်းရှိ ဝန်ထမ်းအိပ်ဆောင်တွင် အမိုးလန်ပျက်စီးနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တိုက်နယ်ဆေးရုံအတွင်း အဆောင်များယိုယွင်းပျက်စီးမှုရှိ/မရှိ လှည့်ပတ်ကြည့်ရှုစစ်ဆေးပြီး တိုက်နယ်ဆေးရုံအတွင်း တာဝန် ထမ်းဆောင် နေကြသော ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဆေးကုသမှုခံယူလျက်ရှိသော လူနာနှင့်ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့် တာဝန်ရှိသူများသည် တောင်ပြိုလက်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်းအတွင်း စာသင်ဆောင်နှင့် စာသင်ခန်းများအား လှည့်ပတ်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်