မန္တလေး ဇွန် ၂၀
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာမူလွန်အမှတ်(၂၀)ကျောင်းတို့ ပူးပေါင်း ၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်နေ့အကြိုအဖြစ် အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အနာဂတ်ပန်းများပွင့်လန်းဖို့၊ မူးယစ်အန္တရာယ်ကာကွယ်စို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမကမူလွန်(၂၀)ကျောင်းအုပ်ကြီး ဒေါ်သန်းသန်းနွယ်က မူးယစ်ဆေး၏ ဆိုးကျိုးများ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောကြပါသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ဆက်လက်ကျင်းပပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)