ဒလမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ဒလ ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈) နာရီအချိန်က ဒလ-ခနောင်ဆက်သွယ်ရေးလမ်းမဘေး၌ကျင်းပခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့မှူး၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း အင်အား(၁၅၀)ဦး တို့က ကျွန်း(၅၀)ပင်၊ မဟော်ဂနီ(၅၀)ပင်၊ မန်ဂျန်ရှား(၅၀)ပင်၊ ပျဥ်းမ (၅၀)ပင်၊ ပိတောက်(၅၀)ပင်၊ ပျဥ်းကတိုး(၅၀)ပင်၊ ခရေ(၂၅)ပင်၊  စိန်ပန်း(၂၅)ပင်၊ မအူ(၂၅)ပင် နှင့် ငုဝါ(၂၅)ပင်  စုစုပေါင်း ပျိုးပင်(၄၀၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဒလမြို့နယ်တွင် မိုးရာသီ၌သစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဥ်ဆောင်ရွက်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ အပူဒဏ်အန္တရာယ်လျော့နည်းစေရန်နှင့် သစ်တောများပြုန်းတီးမှုကြောင့် ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်များ ကာကွယ်နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စည်သူ (ပြန်/ ဆက်)