မင်္ဂလာဒုံမြို့နယ်   Lockdown ချထားသော လမ်းများရှိအိမ်ထောင်စုများအတွက် အလှူရှင်များမှ ဒုတိယ အကြိမ်  စားသောက်ကုန်များ လှူဒါန်း

မင်္ဂလာဒုံ   အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ ပတ္တမြားမြို့သစ် ရွှေနံ့သာကျေးရွာနှင့် ကုန်းတလ ပေါင်းကျေးရွာရှိ Lockdown ချထားသောလမ်းများမှ အိမ်ထောင်စုများနှင့် အဆောင်နေအိမ်ထောင်စု( ၂၃၀)အတွက် အလှူရှင်များမှ ဆန်၊ ဆီ၊ ကြက်ဥ နှင့် Maskနှာခေါင်းစည်း များကို ယမန်နေ့ ညနေပိုင်းက ပေးအပ်လှူဒါန်းသည်။

အဆိုပါ စားသောက်ကုန်များကို မင်္ဂလာဒုံမြို့နယ်ရှိ နောင်လင်းဦးဆန်ဆိုင် မိသားစု  ခေတ်မီးအိမ် စာကြည့်တိုက် ပုလဲရတနာစာကြည့်တိုက် VTCL  ကုမ္ပဏီရှိ ဝန်ထမ်း မိသားစုများ၊ ရပ်ကွက် အလှူရှင်များက စုပေါင်း လှူဒါန်းကြခြင်းဖြစ်ပြီး တစ်အိမ်လျှင် ဆန်()ပြည်၊ ဆီ ၃၀ သား ကြက်ဥ ()လုံး စီနှင့် Mask နှာခေါင်းစည်းများအား ပေးအပ်လှူဒါန်းကြရာ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ လိုက်လံ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။ အလားတူ ၎င်းအလှူရှင်များက ကုန်းတလပေါင်းကျေးရွာ ဇေယျသုခဘုန်းတော်ကြီး ကျောင်းသို့ ဆန် တစ်အိတ် သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ဇင်ငြိမ်း(ပြန်/ဆက်)