ပန်ဆိုင်း ဇွန် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် (၁၁:၀၀) နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက စာရေးဆရာဖေမြင့်ရေးသားထားသော “အောင်မြင်မှုချမ်းသာသုခနှင့် ဓနဥစ္စာ” စာအုပ်မှ “မိမိကိုယ်ကို လေးစားခြင်း” ဆိုသော ခေါင်းစဉ်ငယ်အား ရှင်းလင်းပြောကြားခဲ့ပြီး မိမိကိုယ်ကိုလေးစားခြင်းသည် အောင်မြင်မှု၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း မိမိကိုယ်ကို ယုံကြည်မှုရှိသည့်အခါ အလုပ်တွင်ကျယ်အောင်မြင်သကဲ့သို့ ပေါ့ပါးပျော်ရွှင်စွာ လုပ်နိုင်ကြောင်း စသည်တို့ကို ဖတ်ကြားဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး စာဖတ်ဝိုင်းတွင် တက်ရောက်ခဲ့သူများက “အောင်မြင်မှုချမ်းသာသုခနှင့်ဓနဥစ္စာ” စာအုပ်မှ ခေါင်းစဉ်ငယ်များအား ဖတ်ကြားဆွေးနွေးခဲ့ပြီး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပန်ဆိုင်း (ပြန်/ဆက်)