ကျိန္တလီမြို့၌အသက်(၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ (ထပ်ဆောင်း)ကာကွယ်ဆေး Sinopharm ထိုးနှံပေး

ကျိန္တလီ ဇွန် ၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း)ကာကွယ်ဆေး Sinopharm ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉:၃၀ နာရီမှစတင်၍ အ.မ.က(စံပြ) ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးရန်ရောက်ရှိလာသော ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် ပညာသင်ကြားနေသော အတန်းအလိုက် စနစ်တကျ စာရင်းရေးသွင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး မိနစ်(၃၀)ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိရာ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် လာရောက်ကြသည့် အ.မ.က(ပုန်းညှက်)မှ ကျောင်းသား/သူ (၆၅)ဦး၊ အ.မ.က(စံပြ)မှ ကျောင်းသား/သူ(၁၁၈)ဦး၊ အ.မ.က (ကွင်းစု)မှ ကျောင်းသား/သူ (၂၄)ဦး၊ အ.မ.က(ဖိုးလှောင်ကွင်း)မှ ကျောင်းသား/သူ(၃၀)ဦး၊ အ.မ.က (ကျောက်ပါးစပ်)မှ ကျောင်းသား/သူ(၁၂)ဦး၊ အ.မ.က(ကိုင်းတောကွင်း)မှ ကျောင်းသား/သူ(၇)ဦး၊ အ.မ.က(သဖန်းကွင်း)မှ ကျောင်းသား/သူ (၅၄)ဦး၊ စုစုပေါင်း(၃၁၀)ဦး ထိုးနှံခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးထံမှ သိရသည်။

ဇော်လင်း ကျိန္တလီ(ပြန်/ဆက်)