ရန်ကုန် ဇွန် ၂၀
လုပ်ငန်းခွင်၊ အလုပ်သမားရေးရာအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ခြင်းစနစ်နှင့် လက်တွေ့ကျင့်သုံးဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းတွင် ဦးလှထွန်းခိုင် (ခုံသမာဓိကောင်စီ၊ အလုပ်ရှင်ကိုယ်စားလှယ်)ကစက်ရုံ၊ အလုပ်ရုံမှ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ EOD Subscriber များကိုသင်တန်း ပို့ချခဲ့သည်။
ပို့ချချက်များတွင် Coordination-Conciliation-Arbitration၊ Labour Disputes (LDs)in Myanmar,Effect of Disputes၊ အငြင်းပွားမှုညှိနှိုင်းဖျန်ဖြေခြင်းများ၊ တိုင်းဒေသကြီးရှိခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီ၊အလုပ်သမားရေးရာ အခြေခံမူများ၊ အလုပ်သမားရေးရာ အငြင်းပွားမှု၊ အလုပ်သမားရေးရာအငြင်းပွားမှုအပေါ် ကိုင်တွယ်ဖြေရှင်းခြင်း (ပြဌာန်းချက်များ)ကို ဆွေးနွေးပို့ချခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ် အလုပ်ရှင်အဖွဲ့အစည်းဌာနမှ ဖွင့်လှစ်ပို့ချသော သင်တန်းသို့ စက်ရုံ၊ အလုပ်ရုံ(၁၀၀) မှကိုယ်စားလှယ်များ၊ EOD Subcriber များစုစုပေါင်း သင်တန်းသားဦးရေ (၁၀၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ ဆက်)