တပ်ကုန်းမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များ ဌာနဆိုင်ရာနှင့်ရပ်ကွက်ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေး

တပ်ကုန်း ဇွန် ၂၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာနှင့်ရပ်ကွက်ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များကို ဇွန် ၁၅ ရက်နံနက်ပိုင်းကစတင်၍ ကောက်ယူလျက်ရှိ​ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး၊ ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိရာတွင် ဌာနဆိုင်ရာနှင့်ရပ်ကွက်ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူသည့်လုပ်ငန်းစဉ်များအား ကွင်းဆင်း ဆောင်ရွက်ရာ ဇွန် ၁၅ ရက်မှ ၁၉ရက်နေ့ထိ ကျား ၃၆၅ ဦး၊ မ ၂၉၀ ဦး စုစုပေါင်း ပြည်သူ ၆၅၅ ဦးတို့အား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်