နေပြည်တော် မေ ၂၀
စာရေးဆရာ အိုင်ပီမျိုးအောင် ရေးသားထားသည့် “ဗိဿနိုးမှသည် အလယ်ရိုးမဆီသို့” စာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်ဇင်က အမှာစကားပြောကြားပြီး စာရေးသူ အိုင်ပီမျိုးအောင်က စာအုပ်ရေးသားဖြစ်ခဲ့ပုံ၊ စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာများ စသည်တို့ကို မိတ်ဆက်ရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသူများအား “ဗိဿနိုးမှသည် အလယ်ရိုးမဆီသို့” စာအုပ်အား တစ်ဦးချင်း မေတ္တာလက်ဆောင် ပေးအပ်ခဲ့သည်။
အဆိုပါစာအုပ်တွင် ရှေးခေတ်ပျူနိုင်ငံသမိုင်းများ၊ ပန်ထွာဘုရင်မ၊ လွှတ်တော်နန်းဦးဘုရား၊ ဝဘုရား၊ ရန်အောင်မြင်ရွှေလက်လှဘုရား၊ ဓာတုစယဓာတ်ပေါင်းစုဘုရား၊ ဝဆရာတော်ဘုရားကြီးအကြောင်း၊ အလယ်ရိုးမမှနေပြည်တော်ကြီးအကြောင်း စသည်တို့ကို သုတ၊ ရသစုံလင်စွာ ရေးသားထားသည့် စာအုပ် တစ်အုပ်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)