မုဒုံ ဇွန် ၂၀
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းများ၌ ဖြန့်ဝေသည်။
အဆိုပါ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်း၊ “မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်” ဆောင်းပါး၊ နုခန့်ယဉ်(ရစ်ကန်ကြီး)၏ “မူးယစ်ဆေးဝါးတို့ ရှောင်ရှား”ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ၊ ဓါတ်ပုံများဖြင့် စုံလင်စွာ ဖော်ပြထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)