သန်လျင် အောက်တိုဘာ ၉
၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုလာမည့်နိုဝင်ဘာ ၈ရက်တွင်ကျင်းပ တော့မည် ဖြစ်ရာ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ လွတ်လပ်စွာ မဲပေးနိုင်ရေး အတွက် သက်ဆိုင်ရာ မြို့နယ် ကော်မရှင် အဖွဲ့ခွဲများ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲများက ကြိုတင် ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သန်လျင်မြို့နယ်တွင်ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၂၁၃၈၆၇ ဦးအတွက် မဲရုံ ၂၂၉ ရုံ၊ ကျောက်တန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူ ၁၂၉၅၀၆ အတွက် မဲရုံ ၁၉၂ ရုံ၊ သုံးခွမြို့နယ်တွင် ပြည်သူ ၁၂၄၀၉၉အတွက်မဲရုံ ၁၇၅ ရုံ၊ ခရမ်းမြို့နယ်တွင်ပြည်သူ ၁၂၆၈၅၆ ဦးအတွက်မဲရုံ ၂၀၄ ရုံ၊ တွံတေးမြို့နယ် တွင်ပြည်သူ ၁၇၂၃၁၅ ဦးအတွက်မဲရုံ ၃၈၄ ရုံ၊ ကော့မှူးမြို့နယ်တွင် ပြည်သူ ၉၇၂၅၅ ဦးအတွက်မဲရုံ ၁၆၁ ရုံ၊ ကွမ်းခြံကုန်းမြို့နယ်တွင် ပြည်သူ ၈၈၅၅၈ ဦးအတွက်မဲရုံ ၁၈၀၊ ဒလမြို့နယ်တွင်ပြည်သူ ၁၂၇၉၄၈ ဦးအတွက် မဲရုံ၁၈၂ရုံ၊ ဆိပ်ကြီးခနောင်တို မြို့နယ်တွင် ပြည်သူ ၂၅၇၃၅အတွက်မဲရုံ၃၅ ရုံ၊ ကိုကိုးကျွန်းမြို့နယ် တွင် ပြည်သူ ၁၃၇၇ ဦး အတွက် မဲရုံ၂ရုံ စုစုပေါင်းမဲရုံ(၁၇၄၄)ရုံစီစဉ်ထား ရှိကြောင်း ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှသိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်(၁၀) မြို့နယ်မှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် မဲစာရင်းများ ကြေငြာကပ် ထားလျက်ရှိရာ မဲဆန္ဒရှင် ပြည်သူများ လာရောက် ကြည့်ရှုလျက်ရှိကြောင်းသိရသည်။
သန်းဝင်း(သန်လျင်)