မိုင်းဖြတ် ဇွန် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဇွန်လ ၂၀၂၃ ခုနှစ်၊ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဈေးဆိုင်များ၊ တက်စီဂိတ်များနှင့် အခြေခံပညာကျောင်းများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်နန်းကောင်ခမ်းနှင့် ဝန်ထမ်းများက တက်စီဂိတ်များ၊ ဈေးဆိုင်များ၊ အ.ထ.က(မိုင်းဖြတ်)နှင့် အ.ထ.က(ဟိုနား)ကျောင်းတို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (အခမဲ့) ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်၌ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ ကဗျာ၊ ကာတွန့်၊ မူးယစ်ဆေးဝါးအန္တရာယ်ပတ်နှင့်ပတ်သက်သည့် ဆောင်ပုဒ်များနှင့် သိကောင်းစရာများ ပါရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)