ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်စာပေအသိပညာပေး Talk show ကျင်းပ

ဒဂုံအရှေ့ ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ လူငယ်နှင့်စာပေအသိပညာပေး Talk Show ဆွေးနွေးပွဲ မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး ဒေါ်တိုးကြည် စာရေးကလောင်အမည် မြကြေးမုံ (ရတနာဆောင်)က လူငယ်များ၏အရေးပါပုံနှင့် စာပေ၏အကျိုးပြုပုံ၊ လူငယ်များသည်စာပေကိုလေ့လာဖတ်ရူသင့်ကြောင်း၊ စာဖတ်ခြင်းကြောင့်ရရှိလာသော အသိပညာများသည် စာမဖတ်သူများ၏ အသိဉာဏ်နင့်နှိုင်းယှဥ်ပါက အတိုင်းအဆမရှိကွာခြားကြောင်း၊ လူငယ်များသည်စာပေကို စာအုပ်များတွင် သာမကလူမှု့ကွန်ယက်ပေါ်တွင်လည်း ဖတ်ရှုလေ့လာနိုင်ကြောင်း၊ လူငယ်များ၏အကောင်းဆုံးပဲ့ကိုင်ရှင်သည် စာအုပ်စာပေဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ်ကိုရေးဆွဲကြမည့် ပန်းချီဆရာများဖြစ်ကြကြောင်းစသည့် အကြောင်းအရာများကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ We Love East Dagon Page၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စာရေးဆရာအသင်း Facebook Page တို့တွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ ဆက်)