ကွန်ဟိန်း ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင််းပြီး မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့၊ နံနက် (၁၀)နာရီ အချိန်ခန့်က ပြုလုပ်ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများရရှိပြီး ကြိုတင်ကာကွယ် နိုင်စေရန် ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးသိန်းဇော်က မူးယစ်ဆေးဝါးဆိုတာ ဘာလဲ၊ မူးယစ်ဆေးဝါးအမျိုးအစားနှင့် ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲ ရခြင်း အဓိကအကြောင်းရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများရရှိမည့် ထိခိုက်မှုဆိုးကျိုး အန္တရာယ်များ အကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၊နည်းဥပဒေများနှင့် ပြစ်မှု/ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် မူးယစ်ဆေးဝါး အန္တရာယ်ကြုံတွေ့ပါက ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် နည်းလမ်းများ စသည့်အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခဲ့ပါကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)