မိုင်းခတ်မြို့ Community Centre ၌ စာဖတ်ဝိုင်းပြုလုပ်

မိုင်းခတ် ဇွန် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများ လူငယ်အသင်း Youth Club အသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခတ်မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး Youth Club အဖွဲ့မှ အဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသည့် “အနာဂတ်ကိုမျှော်တွေးပါ”စာအုပ်မှ မိသားစုပရဟိတ၊ အနာဂတ်ကိုမျှော်တွေးပါ၊ လူငယ်တို့အတွက် ပြင်ပသင်ခန်းစာ စသည့်‌ ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)