ပင်းတယမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်ဘုတ်၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ရုပ်ပုံများပြသ

ပင်းတယ  အောက်တိုဘာ   ၉

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရေးတို့အတွက် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အနေဖြင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ မြေစိုက်နံရံကပ်ပြဘုတ်များတွင်လည်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများကိုလည်း ပြသထားလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြုဖွံ့ဖြိုး တိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မီဒီယာနှင့် သတင်းအချက်အလက်များ သိရှိနည်းလည်မှုသဘော၊ မိဘအုပ်ထိန်းမှုအတတ်ပညာ နှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ စသည်ရုပ်ပုံများကိုလည်းကောင်း၊ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ စသည့်နံရံကပ်ပိုစတာများ၊ ကျန်းမာရေးပညာပေး ပိုစတာများကို မြေစိုက်ဘုတ် တွင် ပြသဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ခင်မျိုးနွယ် (ပင်းတယ)