မိုင်းရှူး ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်မူးယစ်ဆေး(Talk Show) ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ Talk Show အစီအစဉ်တွင် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဥမ္မာထွေးနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းသန်းလူတို့က မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်းနှင့် လူငယ်များသိရှိလိုက်နာ သင့်သည့်အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်တတ်သည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် ကျန်းမာရေးလက္ခဏာများ စသည့်အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)