မင်္ဂလာဒုံ အောက်တိုဘာ ၉
ရန်ကုန်မြောက်ပိုင်းခရိုင် ၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ အတည်ပြုပိုးတွေ့လူနာများမြင့် တက်လာခြင်းကြောင့် ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ မြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask များ မပျက်မကွက်တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာကြရန် တာဝန်ရှိသူများက အသိပေးပြီးဖြစ်ရာ ယမန်နေ့ နံနက် ၇ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် လူအများ သွားလာသည့် နေရာများတွင် Mask မတပ်ဆင်သူများကို ဒဏ်ငွေပေးဆောင်စေခြင်းနှင့်mask campaign များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ကြီးကြပ်၍ ဒုတိယဦးစီးမှူး ဦးဉာဏ်ဝင်း ဦးဆောင်သော အဖွဲ့မှ ထောက်ကြန့်လမ်းဆုံ မီးပွိုင့်တွင် Mask မတပ်ဆင်သူ ( ၅)ဦးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာမွန် ဦးဆောင်သောအဖွဲ့မှ အမှတ်( ၃) လမ်းမကြီး ၊ အောင်မင်္ဂလာအဝေးပြေးရှေ့၌ Mask မတပ်ဆင်သူ(၅၄)ဦး စုစုပေါင်း(၅၉)ဦးကို ချက်ချင်းဒဏ်ငွေ (၂၀၀)ကျပ် ပေးဆောင်စေပြီး Mask နှာခေါင်းစည်း (၁)ခု ပြန်လည်ပေးအပ်ခြင်းနှင့် mask campaign ပြုလုပ်ခြင်းများ အပြင် နယ်ကျော်ဖြတ်သန်းမှုများပါ တစ်ပါတည်း မြို့နယ်ထွေအုပ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်ငြိမ်း(ပြန်/ဆက်)