ကွတ်ခိုင်မြို့နယ်တွင် Mobile Library စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ကွတ်ခိုင် ဇွန် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ သုတ/ရသ စာအုပ်၊ စာစောင်များကို  ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများအား  စာပေနှင့် မဝေးကွာလိုစေရန်၊ အချိန်ကုန် မပင်ပန်းစေဘဲ အဆင်ပြေပြေ ငှားရမ်းနိုင်ရေးနှင့် စာပေလေ့လာနိုင်ရေးတို့အတွက် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဖြစ်သည်။

ထိုသို့ စာအုပ်များ ငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ် လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)