ဟိုပန် ဇွန် ၂၀
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့် အဖွဲ့ဝင်များသည် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၉)နာရီက ဟိုပန်မြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဏာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)၊ တံတားအထူးအဖွဲ့(၄) မန္တလေး မှ တာဝန်ယူတည်ဆောက်နေသည့် ကွမ်းလုံ-ဟိုပန်-မိုင်းမောလမ်း တံတားအမှတ်(၁/၁) နမ့်တိန်ချောင်းတံတားအသစ် အရှည် (၄၈၂)ပေ တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူက တံတားအသစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဟိုပန်မြို့နယ်၊ စံပြကျေးရွာ လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေးအတွက် ခွင့်ပြုရန်ပုံငွေ(၆၄.၆၀၀)သန်းဖြင့် ဆောက်လုပ်နေသည့် 11/0.4 kv (100)KVA ခွဲရုံ ၊11KV လိုင်းတည်ဆောက်ခြင်းလုပ်ငန်းနှင့် လမ်းဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေများဖြင့် ပြုပြင်ဆောင်ရွက်နေသည့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်တိန်ချောင်းမှ လမ်းပေါ်ရေကျော်သော စံပြကျေးရွာ၊ လမ်းပိုင်း (၁)ဖာလုံ အရှည် ပျမ်းမျှ (၃'၆")အမြင့် (၃၄')အကျယ် မြေသားတာဘောင်တင်ခြင်း၊ ကျောက်ရောမြေ (၃")ထုတင်ခြင်းလုပ်ငန်းနှင့် မြေသားတာ ဘောင်မြင့်တင်ထားသောအပိုင်းအား အောက်ခွဲကျောက်ဖြင့် ဒုအခြေခံလွှာခင်းကြိတ်ခြင်း၊ အပွန်းခံလွှာခင်းကြိတ်၍ ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်း၊ ဟိုပန်-နမ့်တစ်လမ်း မိုင်တိုင် (၂/၁-၂/၂)အတွင်း လိုအပ်သောနေရာများတွင် RCC Box Culvert တစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာရှိ ရွှေဝါ-မန်မိုင် ကျေးရွာချင်းဆက်လမ်းနှင့် ဟိုပန်-ဗင်းဟင်လမ်းပေါ်ရှိ မိုင်(၃/၄-၅)အတွင်းရှိ အမြင့် (၁၂)ပေ၊ အရှည်(၁၃)ပေ သံကူကွန်ကရစ် မြေကာနံရံတည်ဆောက်နေမှုအခြေအနေနှင့် အောင်မေတ္တာလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဟိုပန်မြို့နယ်၊ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး တီဘီရောဂါဌာန၊ ဆေးစတိုခန်း၊ ဓာတ်မှန်ခန်းဆောင် များတွင် မျက်နှာကျက်ပြုပြင်နေမှုနှင့် ဆေးရုံမြေထိန်းနံရံ၊ အုတ်တံတိုင်း၊ ဆေးရုံအဝင်လမ်း ကတ်တုံးဆေး သုတ်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ပြည့်ကိုကို က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဟိုပန်မြို့မဈေးသို့ရောက်ရှိကာ ဈေးဆိုင်တန်းများအား စစ်ဆေးပြီး ဈေးရပ်ကွက်နှင့် နမ့်လျှံရပ်ကွက်ချင်းဆက်တံတား ခိုင်ခံ့မှုအခြေအနေများကို ဆက်လက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိများအား လုပ်ငန်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)