မိုးနဲ ဇွန် ၂၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးနဲမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများနှင့် အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူ ကျောင်းသား/သူများ၏ Biometric အချက်အလက်များ ကောက်ယူခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်ကမ္ဘောဇခန်းမနေရာ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ဦးတည်အုပ်စုအလိုက် ဝန်ထမ်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူ မိသားစုဝင်များ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူ မိသားစုဝင်များ၊ အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူ ကျောင်းသား/သူများ၏ Biometric အချက်အလက်များ ကောက်ယူလျက်ရှိပြီး တစ်ရက်လျှင် လူဦးရေ ၇၀ ရာခိုင်နှုန်း ဖြင့် ကောက်ယူမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ခိုင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)